Spread the love

ရန်ကုန်၊ အောက်တိုဘာ (၉)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မယ်ပြေကျေးရွာက အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ဦးပါင်းမိုးကြီးနဲ့ ဇနီးဒေါ်ရီရီမြင့် ကို မနေ့ ညပိုင်းက ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ မြို့ပြပြောက်ကျား – တွံတေး က ပြောပါတယ်။

ဦးပေါင်းမိုးကြီး ကို “အရေးယူ ဆောင်ရွက်စဉ်၎င်း၏ ဇနီးရီရီမြင့်မှ ဝင်ရောက်၍ ရဲဘော်များအား ရန်ပြုသဖြင့် တစ်ပါတည်း အရေးယူဆောင်ရွက်ခဲ့ရ” တာ ဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ ဒီနေ့ မနက်ပိုင်း ဖော်ပြချက်အရ သိရပါတယ်။

ဦးပေါင်းမိုးကြီး နဲ့ ဇနီးဒေါ်ရီရီမြင့် တို့နှစ်ဦးဟာ စစ်ကောင်စီလက်အောက်ခံ သတင်းပေးဒလန်နှစ်ဦး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

တွံတေးမြို့နယ်အတွင်းက ဒလန်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ ကို ထောက်ပံ့တာ၊ သတင်းပေးဒလန်လုပ်တာတွေကို ရပ်တန်းကရပ်ကြဖို့နဲ့ ရပ်တန့်ခြင်းမရှိပါက ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်မယ်လို့ သူတို့အဖွဲ့က သတိပေးပြောကြားပါတယ်။