Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၅)

ဆိုးဝါးရက်စက်လွန်းတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ နေနေရာတဲ့ ပြည်သူတွေအနေနဲ့ နေ့ရက်တိုင်း အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

“တော်လှန်ရေးကို ဒီကာလအထိ တောင့်ခံပေးသော ပြည်သူများနှင့် ဘဏ္ဍာငွေအတွက် ထောက်ပံ့ပေးသော ပြည်တွင်း ပြည်ပက ပြည်သူများအနေဖြင့် အချိန်ကာလက အရေးကြီးကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး အနေဖြင့် ဒီလောက်မမြန်နိုင်ဘူးဟု ဘယ်လိုပြောပြော တိုင်းပြည်အခြေနေကို ဒီလောက်ကြာကြာ တွန်းလှန်ပေးနေသော ပြည်သူတွေရှိနေတာကို မြန်နိုင်သမျှ မြန်မြန်အဆုံးသတ်နိုင်ရန် စီမံဖို့လို” တယ်လို့ သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ မန်းဝင်းခိုင်သန်း ဟာ နိုဝင်ဘာ (၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။

“လူအင်အား ငွေအင်အား အချိန်ကာလ ကန့်သတ်ချက် ရှိနေသောအချိန်များတွင် ရှိတဲ့လူအင်အား ငွေအင်အား အရင်းအမြစ်များကို တော်လှန်ရေးအတွက် အဓိကထားပြီး ကြိုးစားအားထုတ်ရန်လိုကြောင်း၊ မြေပြင်မှာ လက်တွေ့ဦးဆောင်မှု ပေးနိုင်တဲ့သူများနဲ့ တွေ့ဆုံပြီး ဖြေရှင်းစရာရှိတာကို မြန်မြန်ဖြေရှင်းပေးဖို့လိုကြောင်း၊ ပြသနာတွေ ရှိသော မြို့နယ်များကို တစ်မြို့နယ်ချင်းတွေ့ပြီးရှင်းလျှင် အဆင်ပြေနိုင်ကြောင်း၊ တစ်နှစ်တာ မဟာဗျူဟာအား ဟန်ချက်ညီညီ အကောင်အထည်ဖော်နိုင်ရန် အရေးကြီး” တယ်လို့ သူက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။