Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၅)

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဖားယားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဆောင်းတင် နေအိမ်မှာ သေနတ်ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဒီနေ့ မနက် (၈) နာရီက အုပ်ချုပ်ရေးမှူး ဆောင်းတင် ကို နေအိမ်အတွင်း ဝင်ရောက်ကာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်း က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

“အုပ်ချုပ်ရေးမှုး တာဝန်မှ မနှုတ်ထွက်သော စကစ ဒေါက်တိုင် အုပ်ချုပ်ရေးမှုးများအား ဆက်လက် အပစ်ပေး ရှင်းလင်းသွားမည်ဖြစ်” တယ်လို့ ဒီနေ့ နေ့လယ်ပိုင်း သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာက ရာအိမ်မှူး ဦးစန်းဦး မိသားစု (၇) ဦး ကိုလည်း နိုဝင်ဘာ (၂) ရက်နေ့ ည (၇) နာရီက နေအိမ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။