Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၅)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာက ရာအိမ်မှူး ဦးစန်းဦး မိသားစု (၇) ဦး နေအိမ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ရာအိမ်မှူးရဲ့ ဇနီးဖြစ်သူ ဒေါ်မိုးဝါ၊ သမီးဖြစ်သူ ဒေါ်သက်သက်မိုး၊ မနှင်းဝတ်ရည်၊ မြေးဖြစ်သူ မောင်ထက်သူလင်း နဲ့ မဇွန်မြတ်နိုး တို့က သေနတ်ထိမှန် ဒဏ်ရာတွေ ရရှိခဲ့တာပါ။

နိုဝင်ဘာ (၂) ရက်နေ့ ည (၇) နာရီက ရာအိမ်မှူး ဦးစန်းဦး အပါအဝင် မိသားစု (၈) ဦး နေအိမ်အတွင်းရှိနေချိန် အမည်မသိလက်နက်ကိုင်တစ်စုက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို သုတ်သင်ရှင်းလင်းနေပါတယ်။