Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၂၇)

တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်တွေရဲ့ ဈာပနမြင်ကွင်း ဖြစ်ပါတယ်။

ရဲဘော် အောင်ကိုမင်း၊ စိုးလွင်လွင် (ခ) တုတ်ကြီး၊ ရဲမျိုးဦး တို့ဟာ နိုဝင်ဘာ (၄) ရက်နေ့ တိုက်ပွဲမှာ ကျဆုံးခဲ့တာပါ။

ရဲဘော် လွင်မိုးအောင် ဟာ နိုဝင်ဘာ (၂၄) ရက်နေ့ တိုက်ပွဲမှာ ဒဏ်ရာရှိခဲ့ကာ နိုဝင်ဘာ (၂၆) ရက်နေ့မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

Photo- CHU PDF

“ကျဆုံးရဲဘော်များ၏ ရုပ်ကလာပ်များကို သင့်လျော်သော နေရာများတွင် စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာသင်္ဂြုလ်ပြီးစီးပါပြီ။ ကျဆုံးသူရဲကောင်း အာဇာနည်များ ကောင်းရာသုဂတိလားပါစေ” လို့ သူတို့အဖွဲ့က ဒီနေ့ မနက်ပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏဆိုသလို နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။