Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ်က ကျောင်းသား (၇) ဦး ကို စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ပုဒ်မ ၃၀၂ (က) အရ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒဂုံတက္ကသိုလ် က ကျောင်းသား (၇) ဦး ဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး နဲ့ ကိုခန့်လင်းမောင်မောင် တို့ကို မနေ့က အခုလို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဆီက သိရပါတယ်။

ရာဇသတ်ကြီး (ပုဒ်မ-၃၀၂) လူသတ်မှု ပြစ်ဒဏ်အတွက် မည်သူမဆို တစ်သက်တစ်ကျွန်းဒဏ် (ထောင်ဒဏ်နှစ် နှစ်ဆယ်)၊ စီရင်ခြင်းခံရသည့်အတွင်း (သို့တည်းမဟုတ်)၊ တင်ကူးကြံရွယ်ချက်ဖြင့် (သို့တည်းမဟုတ်)၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်း ခံရထိုက်သော ပြစ်မှုကို ကျူးလွန်စဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမျတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။