Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁)

စစ်ကောင်စီတပ်တွေ စခန်းချနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အ.ထ. က(၁) ကျောင်းမှာ ဒီနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အ.ထ.က (၁) ကျောင်းဝန်းအတွင်း ပေါက်ကွဲမှုကို အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ ဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်ကတစ်ဆင့် ဒီနေ့ နေ့လည်ပိုင်းက အသိပေးပြောကြားထားပါတယ်။

“အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ မှ လျှက်ဆားပုလင်းဖြင့် သွားရောက် ပစ်ခတ်Tike ခိုက်ခဲ့သည်။ ပစ်ခတ် Tike ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံပစ်ခတ်ခြင်းရှိသော်လည်း ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်။
အထိခိုက်အကျဆုံးမူ့ကို မြေပြင်အခြေနေများကြောင့် စုံစမ်းလျက်ရှိပါသည်။” လို့ သူတို့က ပြောပါတယ်။

မြင်းမြူမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ၊ ဒေါက်တိုင်တွေ၊ သတင်းပေးတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သူတို့အဖွဲ့က အပြင်းအထန် သတိပေး ပြောဆိုခဲ့ပါတယ်။

Non CDM များ အနေဖြင့် ပြည်သူ့ရင်ခွင်ခိုလုံပြီး ပြည်သူနဲ့ပူးပေါင်းဖို့ ပြောချင်ပါတယ်။ မိုးညို မြင်းမူမြို့ပေါ်မှာ ရောက်နေပြီလို့လည်း သတိပေးချင်ပါတယ်” လို့ သူတို့က အဖွဲ့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို စစ်ကောင်စီ လက်အောက်ခံတွေကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။