Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၁)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အတွင်းမှာ အနုကြမ်းစီး ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မနေ့ နိုဝင်ဘာ(၃၀)ရက်နေ့မှာလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က Pro7 Mobile Second Shop ဖုန်းအရောင်းဆိုင်ကို ဓားမြတိုက်ပြီး ဖုန်းအလုံး(၄၀)ကျော် လုယူမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ကနေ့လည်လောက်မှာ ဆိုင်ကယ် (၂) စီးနဲ့ လူ (၄) ယောက်ရောက်လာပြီး ဆိုင်မှာရှိတဲ့ ဝန်ထန်းတွေကို သေနတ်နဲ့ ချိန်ပြီး ကောင်တာမှန်တွေ ရိုက်ခွဲပြီး လုသွားတာ၊ ဒီစစ်တပ် အာဏာသိမ်းပြီးကတည်းက တိုင်းပြည်မှာ ပိုဆိုးဆိုးလာတယ်၊ နေ့ရော ညရောမလုံခြုံတော့ဘူး၊ သမာအာဇီ၀ ရောင်းဝယ် စားသောက်တဲ့ လူတွေလည်း အလုပ်မလုပ်ရဲလောက်အောင် ခက်ခဲနေပြီ၊ ဓားပြတိုက် လုယက် လူသတ်မှုတွေကလည်း ဆက်တိုက်ဖြစ်နေတယ်” လို့မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Photo-CJ

မဟာအောင်မြေမြို့နယ် လမ်း (၄၀)၊ (၇၉) လမ်းနဲ့ လမ်း (၈၀) ကြားမှာ ဖွင့်လှစ်ထားတဲ့ Pro7 Mobile Second Shop ဖုန်းအရောင်းဆိုင်ကို မနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန်မှာ လူလေးဦးက ဓားပြတိုက်ပြီး ဖုန်းအလုံး (၄၀) ကျော်ကို လုယူသွားခဲ့တာဖြစ်ပြီး စုစုပေါင်းတန်းဖိုး ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁) ရက်နေ့မှာလည်း မန္တလေးမြို့၊ ၈၅(A)လမ်း၊ (၃၁) လမ်းနဲ့ (၃၂) လမ်းကြားမှာရှိတဲ့ စိန်သန့်စင်လုပ်ငန်းလုပ်တဲ့ နေအိမ်ကို အရပ်ဝတ်ဝတ်ဆင်ထားပြီး သေနတ်ကိုင်ဆောင်ထားသူတွေက ဓားပြတိုက်ခဲ့သလို ဇူလိုင်လ (၁၁) ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ် ၃၁-၃၂ ကြား၊ ၈၅ (A) လမ်းပေါ်ရှိ နေအိမ်တစ်အိမ် နဲ့ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ လမ်း (၅၀) ထောင့်က နေအိမ်တစ်အိမ်မှာလည်း ဓားပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အမျိုးသမီး သေဆုံးခဲ့ပါသေးတယ်။