Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၅)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ် က လျှပ်စစ်မီတာရုံး ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း – ၇ – မြင်းခြံခရိုင် က ဆီက သိရပါတယ်။

လျှပ်စစ်မီတာရုံး ဝင်ရောက်စီးနင်းမှုကို ဒီဇင်ဘာ (၂၃) ရက် ညနေပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီထုတ် အူဇီတစ်လက်၊ ဖုန်း (၆) လုံး၊ latop တစ်လုံးနဲ့ တခြားပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သူတို့က ပြောပါတယ်။

“ဝင်ရောက်စီးနင်းပြီး ခဏအတွင်းမှာပင် မဟာမိတ်အဖွဲ့ဝင်များ အားလုံးအောင်မြင်စွာ ဆုပ်ခွာနိုင်ခဲ့” တယ်လို့ သူတို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုအချိန်ထိ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။