ရန်ကုန်၊ ဒီဇင်ဘာ (၂၈)
စစ်ကောင်စီလက်အောက်ခံ အမှတ် (၈၈) ခြေမြန်တပ်မ က တပ်ဖွဲ့ဝင်တွေကို ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်း သတင်းနှင်ပြန်ကြားရေး က အသိပေးပြောကြားပါတယ်။
တပ်မ (၈၈) တပ်ဖွဲ့ဝင်တွေကို မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တောင်တလုံးရွာ နဲ့ အင်ပျံရွာ အကြားကို အရောက်မှာ ပဒေသာမိုင်း (၃) လုံး ရှေ့ထွက် (၂) လုံး ဆွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီယာဉ်တန်း၂စီး မြောက်ဖောကားတစ်စီးသာလျှင် မိုင်းထိခိုက်မှုရှိခဲ့သည်။၎င်းကားများမှာ ဘေးဘော်ဒီတွင် သံအထူများကပ်ထားပြီး ကျည်ကာ သဘောမျိုး တပ်ဆင်ထားရာ ဘော်ဒီထူသောကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိမှုသာရှိနိုင်ပြီး သေဆုံးမှုကို အတည်မပြုနိုင်သေးပဲ ဆက်လက် စုံစမ်းဆဲဖြစ်” တယ်လို့ သူတို့အဖွဲ့ရဲ့ ဒီနေ့ မနက်ပိုင်း ဖော်ပြချက်မှာ ရေးသားထားပါတယ်။
အမှတ် (၈၈) ခြေမြန်တပ်မ က တပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်ငးဒေသကြီး၊ ထီးချိုင့်မြို့နယ် အတွင်းက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
“သပိတ်ကျင်းမြို့နယ် အတွင်း သတ်မှတ်ထားသော အချိန်အတွင်းသာ ကားလမ်းအား အသုံးပြုပေးပါရန်၊ အိမ်စီးကားများ မှန်ချမောင်ပေးပါရန်၊သတ်မှတ်ချိန် ကျော်လွန်ပါက မိုင်းဆွဲမှု ပြုလုပ်မည်ဖြစ်ပြီး အသက်အန္တရာယ်အား လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်း သတင်းနှင်ပြန်ကြားရေး အသိပေး ပြောကြားခဲ့ပါတယ်။