Spread the love

ရန်ကုန်၊ ဇန်နဝါရီ(၂)

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တလုတ္ထော်မြို့မှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေးဒလန်ဆိုသူ ဦးကျော်လွင် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“ဦးကျော်လွင် က စစ်တပ်သတင်းပေးဆိုတာ ဒီဒေသက လူတိုင်းသိတယ်၊ မနေ့က (ဇန်နဝါရီ ၁) ရက်နေ့ မနက်ရှစ်နာရီလောက်မှာ အပစ်ခံရတာ၊ အင်းခဝါရွာနားမှာ အပစ်ခံရတာ၊ ဘယ်အဖွဲ့က ပစ်တာလည်းတော့ မသိဘူး၊ သူသတင်းပေးလို့ အဖမ်းခံထားရတဲ့ လူတွေတောင် ထောင်ထဲက မလွတ်သေးဘူး၊ လူမိုက်ဇာတ်သိမ်းသွားတာပေါ့” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတချို့က စစ်ကောင်စီ သတင်းပေးလို့ ပြောဆိုနေကြတဲ့ ဦးကျော်လွင် ဟာ မနေ့ မနက်(၈)နာရီဝန်းကျင်က အင်းခဝါကျေးရွာ အနီးက ကားလမ်းမပေါ်မှာ ဒေသနတ်ကျည်ဆံ (၆) ချက် ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်လွင် ပစ်ခတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။