Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂)

အာဏာသိမ်း စစ်ခေါင်းဆောင် က လူအရေအတွက် စုစုပေါင်း (၇၄၄) ဦး ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

“ယခုရရှိခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များသည် မိမိတို့ဖြတ်သန်းခဲ့ရသည့် ခက်ခဲ ကြမ်းတမ်းသောဘဝကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြသည့် မိမိတို့ စွမ်းဆောင် ရည်များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်းခံခဲ့ရသော သင်္ကေတ အမှတ်အသား တစ်ခုဖြစ်သည့်အတွက် ယနေ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်း မပြုနိုင် တော့သည့် ပုဂ္ဂိုလ်များ အနေဖြင့်လည်း သားစဉ်မြေးဆက် ဂုဏ်ယူစရာဖြစ်ပါကြောင်း နှင့် နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်း အလေးအနက် ပြောကြားလိုပါကြောင်း၊ မိဘ၊ ဘိုး၊ ဘွားများ၏ နိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့သည့် ကြီးမြတ်သောဂုဏ်ကို ဆက်လက်စောင့်ထိန်းပေးရန်လည်း ပြောကြားလိုပါကြောင်း။” သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တွေကို မနေ့က ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ သံအမတ်ကြီး (၂၈) ဦး နဲ့ အကြုံပေးပုဂ္ဂိုလ် (၈) ဦး တို့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပေးတဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ကို ရရှိခဲ့တာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန က ပြောပါတယ်။