Spread the love
Video- ဝံပုလွေပြောက်ကျားတပ်ဖွဲ့

ရန်ကုန်၊ ဇန်နဝါရီ (၅)

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်း ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ က ပြောပါတယ်။

ပျူစောထီးစခန်းကို အခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့က “လက်လုပ် လက်နက်ကြီး များဖြင့် ၁၆ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး နေရာသို့ ကျရောက်ပေါက်ကွဲကာ မြေပြင်သတင်းထောက်လှမ်းရေးထံမှ ပျူစောထီး (၆) ဦး ထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း” သိရတယ်လို့ သူတို့အဖွဲ့ ဒီနေ့မှာ အသိပေးပြောကြားခဲ့ပါတယ်။