Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၆)

မုံရွာ-မန္တလေး အမြန်လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ ယာဉ်တန်းကားတွေ ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

“မအူဂိတ်မှ မုံရွာမြို့တွင်းသို့ ပြန်ဝင်လာသည့် သံပြားကာကား (၅) စီး ကို မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ သံပြားကာကားတစ်စီး ဦးခေါင်းကြေမွ ပျက်ဆီး သွားခဲ့ကြောင်း နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန်” လိုက်တယ်လို့ သူတို့ အဖွဲ့က ပြောပြပါတယ်။

တိုက်ခိုက်မှုကို ဇန်နဝါရီလ (၂) ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။