Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၇)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးကားလမ်းပေါ်မှာ ဒီနေ့ မနက်က မိုင်းရှင်းနေချိန် ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကာ (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲ တပ်ဖွဲ့ဆီ က သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးဟာ မုန်းဒေသအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ- ၅၉၉) က တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

“ဒဏ်ရာပြင်းထန်ရရှိသွားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နောက်ဆက်တွဲအခြေအနေကို ထပ်မံအတည်ပြု စုံစမ်း” နေတယ်လို့ သူတို့က ပြောပါတယ်။

ပဲခူးတိုင်း စစ်ဒေသခွဲ တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။