Spread the love
Video- Phoenix-အထူးပြောက်ကျားတပ်ဖွဲ့

ရန်ကုန်၊ ဇန်နဝါရီ (၇)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF ပူးပေါင်းတပ်ဖွဲ့က ဝေဟင်ကနေ Drone နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ဇန်နဝါရီ (၅) ရက် နေ့လယ်က ပြုလုပ်ခဲ့တာဖြစ်ပြီး “ရန်သူဖက်မှ ထိခိုက်ကျဆုံးမှုကို အတည်ပြုနိုင်ရန် စုံစမ်း‌နေဆဲဖြစ်ပြီး စခ၊ ပခ များဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့”တယ်လို့ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။