Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၇)

ဒီနေ့ မနက်က ပျူစောထီးခေါင်းဆောင် ဦးမင်းအောင် သုတ်သင်ရှင်းလင်းခံရတာကို လာစုံစမ်းတဲ့ စစ်ကောင်စီလက်အောက်ခံ တောကျွဲအင်းနယ်‌မြေရဲစခန်း က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲ တပ်ဖွဲ့က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒုရဲအုပ်ရန်နိုင်၊ ရဲတပ်သားနေဇော် နဲ့ ရဲတပ်သားမောင်မြင့် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်ကို သူတို့အဖွဲ့က ပြန်လည်ဖော်ပြခဲ့ပါတယ်။

ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့ဟာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (အောင်မြင်)မြို့က ပျူစောထီးခေါင်းဆောင် ဦးမင်းအောင် ကို ဒီနေ့ မနက်က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးကားလမ်းပေါ်မှာ ဒီနေ့ မနက်က မိုင်းရှင်းနေချိန် ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကာ (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။