Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၈)

စစ်ကောင်စီ လေကြောင်းကင်းထောက်အဖွဲ့တွေနဲ့ တိုက်လေယာဉ်တွေ ချင်းပြည်နယ်၊ မင်းတပ်မြို့ ဝေဟင်မှာ ဒီနေ့ညနေအထိ ပျံသန်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။

စစ်ကောင်စီက မင်းတပ်မြို့ ကျေးရွာတချို့ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ ပတ်ဝန်းကျင်ကို သတိထားသွားတာ၊ တောင်ယာလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်တာ အခုရက်ပိုင်းအတွင်း ရပ်ဆိုင်းထားတာမျိုး ပြုလုပ်သင့်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် က ဒီနေ့ညနေမှာ သတိပေးပြောကြားလိုက်ပါတယ်။

“အကြမ်းဖက် စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်းရှိ တယ်လီဖုန်းလိုင်းများ ဖြတ်တောက်” တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပေမယ့် အခုချိန်ထိ နှစ်ဘက်က အထိအခိုက် အကျအဆုံး စာရင်းကို မထုတ်ပြန်သေးပါဘူး။