Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၈)

ဒီနေ့ မနက်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် နဲ့ ခရမ်းမြို့ကြား က ကတုံးပေါ်ရွာ နယ်မြေရဲစခန်းသိမ်း တိုက်ပွဲမှာ ရဲတပ်သား အနည်းဆုံး (၃) ဦးထက် မနည်းသေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို PDF တပ်ဖွဲ့တွေက ပြောပါတယ်။

ကတုံးပေါ်ရွာ နယ်မြေရဲစခန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူတို့ရဲ့ ဒီနေ့ မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ရဲစခန်းသိမ်း တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုချိန်ထိ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကလည်း ကတုံးပေါ်နယ်မြေရဲစခန်း ကို PDF – Khayan က ဗုံးပစ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။