Spread the love
Video- PDF Loikaw

ရန်ကုန်၊ ဇန်နဝါရီလ (၉)

ကယားပြည်နယ်(ကရင်နီ)၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်းမှာ လပေါင်းများစွာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝေဟင်ကနေ အနီးကပ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မိမိတို့၏ တိုက်ခိုက်ရေးအစီအစဉ်များအပြင် ကရင်နီပြည်ရှိ ပူးပေါင်းတပ်များ၏ စစ်ကြောင်းများသည်လည်း မြေပြင်တွင် တိုက်ခိုက်နေခဲ့ပြီး လပေါင်းများစွာ ကြာမြင့်အောင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို အထိနာစေခဲ့သည့် တိုက်ပွဲတစ်ပွဲ” ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) က ဒီနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

သေးဆူလဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၈)၊ (၂၄) နဲ့ (၂၉) ရက်နေ့တွေမှာ (၃) ရက်ကြာ Falcon Wings တပ်ဖွဲ့က ဝေဟင်ကနေ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် (၁) နှစ်တာ ကာလအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၄၃၇) ကြိမ် တိုက်ပွဲဝင်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော် ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Federal Wings တပ်ဖွဲ့ဆီ က သိရပါတယ်။