Spread the love
Video- DBTF

ရန်ကုန်၊ ဇန်နဝါရီ (၁၁)

စစ်ကောင်စီ ရိက္ခာပို့ ရေယာဉ် ကို တစ်ရက်ထဲ နှစ်ကြိမ်တိုင်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးညီနောင်အထူးတပ်ဖွဲ့ က ပြောပါတယ်။

မနေ့ မနက်နဲ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းရွာအနီးကို အရောက်မှာ စစ်ကောင်စီ ရိက္ခာပို့ ရေယာဉ် ကို တိုက်ခိုက်ခဲ့တာပါ။

“မနက်ပိုင်း ထိတွေ့မူ့မှာ စခများဘက်မှ (၅) ဦးထက်မနည်း သုတ်သင် ရှင်းလင်းနိုင်ခဲ့ပီး ညီနောင်မဟာမိတ်ထဲမှ ရဲဘော်တစ်ဦး အသေးစား ဒဏ်ရာရရှိခဲ့ပါသည်။ ညနေပိုင်း ထိတွေ့မူ့မှာ စခများကို လက်လုပ်ရှေ့ထွက်မိုင်းဖြင့် ဧည့်ခံခဲ့ပီး စခများ၏ မော်တော်တစ်စီး ဝမ်းဗိုက်ပိုင်းထိကာ ပျက်စီးသွားပီး ချင်းတွင်းမြစ်အတွင်း မျောပါသွား” တယ်လို့ သူတို့ရဲ့ ဖော်ပြချက်မှာ ရေးသားထားပါတယ်။