Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၂)

စစ်ကောင်စီအဖွဲ့ဝင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့် ကို သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ က ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သုခရပ်ကွက်၊ အုန်းတော်အစုကို ဒုရဲမှူးလှိုင်မင်းသန့် လာမယ်ဆိုတဲ့ သတင်းကြားလို့ ဇန်နဝါရီ (၁၁) နေ့ညက စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက် ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ ဒီနေ့ နေ့လည်ပိုင်း သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒုရဲမှူးလှိုင်မင်းသန့် ဟာ ပြည်သူတွေကို လက်နက်ပြ၊ အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ငွေညှစ် ဗိုလ်ကျနေသူ တစ်ဦးဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းသုတ်သင်နေတာ ဖြစ်ပါတယ်။