Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၅)

စစ်မှုထမ်းဟောင်း ဦးရခိုင် ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် လမ်းခုလတ်တစ်နေရာမှာ သေဆုံးသွားပြီး ဖြစ်တယ်လို့ YGF ရေးပြောက်ကျားတပ်ဖွဲ့ က အသိပေးပြောကြားလိုက်ပါတယ်။

“စစ်မှုထမ်းဟောင်း၊ စစ်တပ်အမာခံသတင်းပေး ဦးရခိုင် ဆိုသူအား ၎င်း၏ နေအိမ်မှ အရှင်ဖမ်းဆီးလာခဲ့ပါသည်။ လမ်းခုလတ်၌ ၎င်းအား စစ်ဆေးမေးမြန်နေချိန်တွင် တပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်အား အတင်းဝင်ရောက်လုစဉ် အဆိုပါ တပ်ဖွဲ့ဝင်မှ ပြန်လည်ခုခံရာ ကျည်ပေါက်ထွက်ပြီး အသက်သေဆုံးသွားခဲ့ပါ” တယ်လို့ သူတို့က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်တဲ့ ဦးရခိုင် ကို ဇန်နဝါရီလ (၁၄) ရက်နေ့က မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာ က သူရဲ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

သူကို ဝင်ရောက်ဖမ်းဆီးချိန်က လက်လုပ် pistol (1)လက်၊ လက်ထိပ် (1)ခု၊ ဓါးတို(1) ချောင်း၊ ဓါးရှည်(1)ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သုခရပ်ကွက်၊ အုန်းတော်အစုကို ဇန်နဝါရီ (၁၁) နေ့ ညက လာရောက်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့် ကို ရေးပြောက်ကျားတပ်ဖွဲ့ က စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက် ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။