Spread the love

ရန်ကုန်၊ဇန်နဝါရီ(၂၂)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို တော်လှန်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ချိန် ရဲဘော်တစ်ဦးကျဆုံးတဲ့အထိ ဝိုင်းထိုးကြိတ် ဖမ်းဆီးပေးခဲ့တဲ့ ငွေတောင် အမည်ရှိတဲ့ စားသောက်ဆိုင်ကို Blackfox YGN UG က အဲ့ဒီဖြစ်ရပ်အတွက် တာဝန်ယူပေးရမယ်လို့ သတိပေးထားပါတယ်။

မနေ့က(ဇန်နဝါရီ၂၁) နေ့လည် (၁)နာရီအချိန်မှာ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမပေါ်ရှိ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကို တော်လှန်ရေးရဲဘော်(၂)ဦး က လာရောက်တိုက်ခိုက်ချိန်မှာ ရပ်ကွက်ရုံးဘေးမှာ ဖွင့်လှစ်ထားတဲ့ ငွေတောင်စားသောက်ဝန်ထမ်းတွေက တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးတဲ့အထိ ဖမ်းဆီး၊ ထိုးကြိတ် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“ပြည်သူများအနေနဲ့ ငွေတောင်စားသောက်ဆိုင် ကို အတတ်နိုင်‌ဆုံး ရှောင်ကြဉ်သွားလာဖို့ အထူးမေတ္တာရပ်ခံပါတယ် အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ငွေတောင် စားသောက်ဆိုင်အနေနဲ့ မိမိတို့လုပ်ရပ်အတွက် တာဝန်ယူရမှာ ဖြစ်တယ်လို့ သတိပေးလိုပါတယ်” လို့ Blackfox YGN UG က သတိပေးထားပါတယ်။

(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကို တော်လှန်ရေးရဲဘော်(၂)ဦး က လာရောက်တိုက်ခိုက်ခဲ့ချိန် ငွေတောင်စားသောက်ဆိုင် က စစ်ကောင်စီအလိုကျ ဝိုင်းဖမ်းဆီးခဲ့ပေမယ် တစ်ဦးလွတ်မြောက်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော် ကို အသက်သေဆုံးတဲ့အထိ ဝိုင်းထိုးကြိတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ Blackfox YGN UG က သူတို့ရဲ့ သတိပေးစားမှာ ရေးသားထားပါတယ်။