Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးဒေသတွေမှာ Non CDM ဝန်ထမ်းတွေ မရှိစေဖို့ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမှာ ဖြစ်တယ်လို့ မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“အချို့သောဝန်ထမ်းများသည် အလင်းဝင်ရောက်ခြင်းရှိဘဲ အကြမ်းဖက်စစ်ကောင်စီ၏ တာဝန်များဆက်လက်ဆောင်ရွက်နေကြာင်း ပြည်သူများက သတင်းပေးတင်ပြကြပါသည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ မိမိတို့ရွာအတွင်း Non CDM ဝန်ထမ်း လုံးဝမရှိစေရန်” ဆောင်ရွက်ကြဖို့ လိုတယ်လို့ သူတို့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ အသိပေးပြောကြားထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဟာ NUG အစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနက တရားဝင်အသိမှတ်ပြုထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

“စိုးမိုးထိန်းချုပ် နယ်မြေများတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ စိုးမိုးထိန်းချုပ်နယ်မြေများတွင် သာမကပဲ နိုင်ငံတဝှမ်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီနှင့်လက်အောက်ခံများမှ ကျူးလွန် သော ရာဇဝတ်မှုများနှင့် ပြည်သူအချင်းချင်းကျူးလွန်သော ရာဇဝတ်မှုများအား မှတ်တမ်းတင် ထိန်းသိမ်းရန်နှင့် ပြစ်မှုကျူးလွန်သူ တရားခံများအား တရားဥပဒေ၏ ရှေ့မှောက် သို့ပို့ဆောင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ)အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်တွင် E police station အား ဖွဲ့စည်းလိုက်” ပြီဖြစ်တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြောပါတယ်။