Spread the love
ရုပ်သံ- ZWS

ရန်ကုန်၊ ဇန်နဝါရီ (၂၈)

ပြည်သူတွေအတွက် ဒီအချိန်ဟာ သိပ်ကို ခက်ခဲနေတဲ့ အချိန်ဆိုတာ နားလည်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။

နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်လူထုတိုက်ပွဲ အဖြစ် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ဒီနေ့မှာ တိုက်တွန်း နှိုးဆော်ခဲ့တဲ့ ရုပ်သံမှာ သူက အခုလို ပြောဆိုခဲ့တာပါ။