Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၉)

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်ဆိုပြီး နာမည်ကြီးနေတဲ့ ဦးလှကြိုင် အသတ်ခံလိုက်ရပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ က ဦးလှကြိုင် ဟာ မနေ့ မနက်ပိုင်းက အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးလှကြိုင် ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မြို့ပြပျောက်ကြားအဖွဲ့က ရှင်းလင်းခဲ့တာပါ။

စစ်ကောင်စီက ဦးစီးကျင်းပမယ့် အတုယောင် ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူပေးခဲ့တဲ့ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု၊ အိုင်းကုန်းကျေးရွာက ရာအိမ်မှူး ဦးထွန်းထွန်းနိုင် လည်း ဇန်နဝါရီလ (၂၇) ရက်နေ့က အသတ်ခံခဲ့ရပါသေးတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်တပ်ထောက်ခံသူတွေဟာ ပျူစောထီးအဖွဲ့ ကို စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။