Spread the love
Video- ရေးပြောက်ကျားတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ (၅)

စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူကို မနေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ကြိုတင်သတင်းရလို့ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကနင်ကမော့ နဲ့ အောင်သာယာကျေးရွာအကြားမှာ မနေ့က သွားစောင့်ချိန် မိနစ် (၃၀) ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် ဗိုလ်ကြီးအဆင့်ရှိသူကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“မော်လမြိုင်သို့ အာရှလမ်းမကြီး အတိုင်းမောင်းနှင်လာသောMark 2ရွှေငါးအဖြူရောင်အား စစ်ဆေးရန် ရပ်တန့်ရာတွင် စတင်ပစ်ခတ်ပြီး ပြန်လှည့်မောင်းပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ မိနစ်(၃၀)ခန့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြ
ပါသည်။ ထိုပစ်ခတ်မှုကြောင့် ကားမှာလမ်းဘေးမြောင်းထဲသို့ ထိုးကျသွားပြီး ကားပေါ်ပါအကြမ်းဖက်စက စတပ်ဖွဲ့ဝင်(၅)ဦးမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူအား လက်ရဖမ်းဆီးရမိခဲ့ပြီး
ကျန်(၄)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသဖြင့် ကားအားသိမ်းဆည်းရန် ကြိုးစားခဲ့သော်လည်း အမတ-၃၁၇မှ လက်နက်ကြီး(၃)လုံး ပစ်ကူပေးခြင်း စစ်ကူများ လိုက်တက်လာကြောင်း သတင်းရရှိသဖြင့်ကားအား မီးရှို့ ဖျက်ဆီးခဲ့သည်။” ပြောပါတယ်။