Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၇)

စစ်ကောင်စီဟာ ဘယ်လိုပုံစံတွေပဲ ပြောင်းပြောင်း သေချာတာက ပြည်သူတွေကို ညှင်းပန်းနှိပ်စက် ဒုက္ခပေးဖို့ အစီအစဉ်တွေပဲ ဖြစ်မှာ သေချာတယ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သုံးသပ်ပြောကြားပါတယ်။

ပြီးခဲ့တဲ့ရက်က အကြမ်းဖက် စစ်ကောင်စီဘက်ဟာ အာဏာသိမ်းမှု ၆လ ထပ်တိုးတာနဲ့အတူ အပြောင်းအလဲတွေ လုပ်လာတာရှိသလို၊ ၃၇ မြို့နယ်ကိုလည်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးဖို့ အမိန့်ထွက်ခဲ့တာနဲ့ ပတ်သက်ပြီး သူက အခုလို ပြောဆိုလိုက်တာပါ။

“ကျွန်တော်တို့ နိုင်ငံမှာ ဖြေရှင်းစရာ အရေးကိစ္စတွေ အများကြီး ရှိနေပါတယ်။ အဲဒီ့ထဲမှာမှ အခု အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး ဖယ်သွားနိုင်ရေးဟာ နံပါတ် ၁ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်” တယ်လို့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့ပါတယ်။

“ပိုးနိုင်တဲ့ ကဏ္ဍအစုံက ပံ့ပိုးရင်း အောင်ပွဲနေ့ကို မျှော်နေကြတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအားလုံးဟာ တက်ညီလက်ညီနဲ့ စုစုစည်းစည်း အားကုန်ရုန်းကြဖို့တော့ အရေးကြီးပါတယ်။ တော်လှန်ရေးရဲ့ ၃ နှစ်မြောက် နှစ်ပတ်လည်ဆိုတာမျိုး မရှိစေရအောင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးအနေနဲ့ တော်လှန်ရေးအစုအဖွဲ့များ အားလုံးနှင့်အတူ တညီတညာတည်း ဝိုင်းဝန်းကြိုးစားပေးကြဖို့” လိုတယ်လို့ သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။