Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၉)

အာဏာသိမ်းပြီးနောက် (၂) နှစ်အတွင်း ကရင်ပြည်နယ်၊ ကော်သူးလေအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ် ဖြစ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့မှာ ပြောပါတယ်။

(၂) နှစ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၆၈၇၆) ဦး သေဆုံးခဲ့ပြီး (၅၅၁၉) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စုစုပေါင်း (၂၁၉) ဦး သေဆုံးခဲ့သလို (၆၀၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတို့သည် ပြည်သူလူထုများ၏ သဘောဆန္ဒများကို လျစ်လျူရှုပြီး အကြမ်းဖက်သော နည်းလမ်းများကို အသုံးပြုပြီး မတရား ဖမ်းဆီးညှင်ပန်းနှိပ်စက် သတ်ဖြတ်ခြင်းများနှင့် ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းများကို အများအပြားပြုလုပ်လျက်ရှိ” တယ်လို့ KNU က ပြောပါတယ်။

စစ်ခေါင်းဆောင် ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့တယ်လို့ NUG အစိုးရရဲ့ ဖော်ပြချက်အရ သိရပါတယ်။