Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၆)

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်အသိပေး ကာကွယ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှာ လေကြောင်းကင်းထောက်အဖြစ် တာဝန်ယူလုပ်ကိုင်နိုင်သူတွေ လိုအပ်နေတယ်လို့ ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

“လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို ဖိတ်ခေါ်အပ်ပါသည်။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများ အပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများ လိုအပ်ပါ” တယ်လို့ NUG က ပြောပါတယ်။

ပြည်သူ့တွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ လေကြောင်းကင်းထောက်အဖြစ် လုပ်ကိုင်လိုပါက NUG ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေတဲ့ telegram (https://t.me/MASurveillance24) ကို ဆက်သွယ်ဖို့ သူတို့က တိုက်တွန်းပြောဆိုထားပါတယ်။