Spread the love
ရုပ်သံ- PDF

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရဲစခန်းကို PDF တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ စစ်သားနှစ်ဦးသေဆုံးခဲ့ကာ ရဲတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြောင်မြို့မရဲစခန်းကို ဖေဖော်ဝါရီ (၁၈) ရက်နေ့ ညနေက PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုအပြီး ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီနောင်များသည် မြို့ပေါ်တွင်
အချိန်အတော်ကြာအောင် လှည့်ပတ်သွားလာနေခဲ့ကြသော်လည်း မည်သည့်ခွေးမျှ ထွက်လာ တိုက်ခိုက်ရဲခြင်း မရှိခဲ့ပါ။ တော်လှန်ရေးသစ္စာအဓိဌာန်နှင့်အညီ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ရောက်ရာအရပ်တွင် ရရာလက်နက်ဖြင့် မတရားအာဏာသိမ်း စစ်အုပ်စုမှန်သမျှအား အမြစ်ဖြတ်ချေမှုန်းတိုက်ခိုက်သွား” မယ်လို့ သူတို့က ဒီနေ့မှာ ပြောပါတယ်။