Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၀)

ဒီနေ့မနက် အစောပိုင်းက စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ် အနီးအနားက ကျေးရွာ (၇) ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

“ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်း အထိုင်ချ စခပခများနှင့် ရွာသစ်ပျူခြံမှ ပခ၄၀ဝန်းကျင် အောင်ချမ်းသာကျေးရွာ (ချမ်းသာကုန်းကျေးရွာ)အတွင်း ယနေ့မနက်၇နာရီခွဲဝန်းကျင် လက်နက်ကြီး/ငယ်များ ရမ်းသမ်း ပစ်ဖောက်ကာ ဝင်ရောက်လာမှုကြောင့် အနီးဝန်းကျင်ရှိ ညောင်ပင်ခြံ/ဆည်ကြီး/ကုန်းသာ/မရမ်းအင်း/အင်းပတ်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသလိုခင်ဦးမြို့နယ် မြောက်ခြမ်း မဒေါင်းလှပျူစောထီးများ လှုပ်ရှားမှုရှိနေသလို ကန့်ဘလူနယ် သကြားစက်ရောက်ရှိနေသော စခများလည်း ပိတောက်ကုန်းကျေးရွာအနီး ရောက်ရှိနေ၍ အနီးဝန်းကျင်ရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ” ရတယ်လို့ သူတို့က ပြောပါတယ်။