Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၁)

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ ညကင်းထွက်ချိန် တိုက်ခိုက်ခံရလို့ ဗိုလ်ကြီးနန္ဒမင်း အပါအဝင် စစ်သား (၄) ဦး သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မနေ့ညက “စကစများ ညကင်းထွက်ချိန် စခ ၁၀ ကောင် ရွာလယ်ဘုရားအရောက်တွင် ကြိုတင်ပစ်ခတ် တိုက်ခတ်ခဲ့ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွါးခဲ့ပါသည်။ ဗိုလ်ကြီးနန္ဒမင်း အပါအဝင် စခ ၄ကောင်မှာ မျက်မြင်တွင် ခွေးသေသေခဲ့ရပြီး ဒဏ်ရာရစကစ အကုန် ၇ ကောင်ကို အမှန်တရား အလင်းပြပေးခဲ့ပါသည်။” လို့ သူတို့က ဒီနေ့မှာ အသိပေးပြောကြားခဲ့တယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဆီက MA2 တစ်လက်နဲ့ ဖုန်းတစ်လုံး ရရှိခဲ့ကာ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီး ၄ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။