Spread the love

ရန်ကုန်၊မတ်(၁)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့မရဲစခန်း အနီးမှာ ဒီနေ့မနက်က ဗုံးတွေ့ရှိခဲ့လို့ စစ်တပ်က လမ်းပိတ်ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အခုမနက်(၈)နာရီကျော်လောက်မှာ ဗုံးတွေ့လို့ဆိုပြီး လမ်းတွေပိတ်ထားတယ်၊ သုမင်္ဂလာလမ်း နဲ့ သစ္စာလမ်းကို ပိတ်ထားတယ်၊ မနက်ပိုင်း ရုံးချိန်ဆိုတော့ ကားလမ်းတွေတော့ ပိတ်သွားတယ်၊ ကျနော်နေတဲ့ မေတ္တာလမ်းကတောင် ပေါ်ကွဲသံလို အကျယ်ကြီး ကြားရတယ်” လို့ တောင်ဥက္ကလာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုမနက်(၉)နာရီကျော်အထိ လမ်းပိတ်ထားပြီး မိုင်းရှာစက်တွေနဲ့ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ် ဧပြီလ(၂၈)ရက်နေ့မှာလည်း တောင်ဥက္ကလာပရဲစခန်း၊ ဓမ္မရာဇာလမ်းဘက်အခြမ်းမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရဲတစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။