Spread the love

ရန်ကုန်၊ မတ် (၆)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ မနေ့ နေ့လည်ပိုင်းက ဖုန်းလုယက်သူတွေဟာ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓားနဲ့ခုတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ဖုန်းလုယက်ခံရပြီး လုယူသူများမှ အမျိုးသမီး၏ ဦးခေါင်းအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားကြောင်း သတင်းရရှိသဖြင့် ၊ သွေးထွက်လွန်နေသော အမျိုးသမီးအား လိုအပ်သော ဆေးကုသမှုပေး၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့” တယ်လို့ သူတို့က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ ညပိုင်းတွေတင်သာမက နေ့လယ်ခင်းတွေမှာပါ လုယက်မှုတွေ မကြာခဏ ဖြစ်နေတာပါ။