ရန်ကုန်၊ မတ် (၆)
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ကို ရိက္ခာသယ်လာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၆) ဦး သေဆုံးခဲ့တယ်လို့ မြိုင်ကျေးရွာ တော်လှန်ရေးတပ်ဦး က ဒီနေ့မှာ ပြောပါတယ်။
”နှစ်ဖက်ညှပ်အနေအထားကနေ ရအောင်တိုက်ခဲ့တာဆိုတော့ အန္တရာယ်တော့များတယ်။ ဒါပေမယ့် ဖြစ်အောင်လုပ်ခဲ့တာပဲ” လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပြပါတယ်။
ကြားဖြတ်တိုက်ခိုက်တာကို မတ်လ (၄) ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ကာ တိုက်ခိုက်မှုဖြစ်ပြီးနောက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“တော်လှန်ရေး အနေအထားကြာမြင့်လာချိန်တွင် တပ်ဖွဲ့အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်မှုတွေလည်း ပိုမိုကောင်းမွန်လာပြီး ယခင်ကထက်ပိုမိုစည်းစနစ်ကျစွာ တိုက်ပွဲများဖော်ဆောင်လာနိုင်ပြီဖြစ်” တယ်လို့ သူတို့က ပြောပါတယ်။