ရန်ကုန်၊ မတ် (၈)
ရှေ့တန်းစစ်မြေပြင်မှာ နှစ်ရက်အတွင်း ရဲဘော်နှစ်ဦး သေဆုံး ခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပြောကြားလိုက်ပါတယ်။
မတ်လ (၃) ရက်နေ့က ရဲဘော်ဝင်းအောင် နဲ့ မတ်လ (၂) ရက်နေ့က ရဲဘော်မြတ်သူအောင်တို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရဲဘော်ဝင်းအောင်နဲ့ ရဲဘော်မြတ်သူအောင် တို့နှစ်ဦးရဲ့ “တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများအပေါ် မိမိတို့ CDF – KKG မှ အထူးလေးစား ဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်” လို့ သူတို့အဖွဲ့က ပြောပါတယ်။