Spread the love

ရန်ကုန်၊ မတ် (၈)

ကချင်ပြည်နယ်၊ မိုင်းညှင်းမြို့နယ် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ မနက် (၅) နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က (၂) ဦးသေဆုံးကာ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ် ပြည်သူ့ကွယ်ရေးတပ်မတော် မိုးညှင်း KPDF တပ်ရင်းက ပြောပါတယ်။

မိုးညှင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ မနေ့က စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ (၁၅) တပ်ကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။

ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နေရာတွေ၊ တိုက်ပွဲဖြစ်ဖူးတဲ့ အနီးဝန်းကျင်က နေရာတွေကို ရှောင်ရှားသွားလာကြဖို့ သူတို့အဖွဲ့က အသိပေးထားပါတယ်။