Spread the love

ရန်ကုန်၊ မတ် (၉)

“စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ” စာသားပါ ဘန်နာကို ကိုင်ဆွဲကာ ဒီနေ့ မနက်က ရန်ကုန်မြို့မှာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့ ပြုလုပ်ခဲ့တဲ့ ပျောက်ကြားသပိတ်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS) နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီတို့က ပူးပေါင်းပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။