Spread the love

ရန်ကုန်၊ မတ် (၁၄)

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတချို့မှာ နယ်မြေရှင်းလင်းရေး၊‌ ဒေသခံပြည်သူလူထုတွေရဲ့ လုံခြုံရေး နဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo- USSFU

ပြီးခဲ့တဲ့ မတ်လ (၁၂) ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ဖက်ဒရယ် ပြည်ထောင်စု တပ်ဖွဲ့ဝင် တပ်ရင်းတွေဖြစ်ကြတဲ့ အမှတ် ၁၀၀၅ တပ်ရင်း၊ အမှတ် ၁၀၀၈ တပ်ရင်းနဲ့ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (PNDF) တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo- USSFU

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသမှာ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးအပတ်က စတင်ကာ မနေ့ကအထိ တိုက်ပွဲပြင်းထန်နေပါတယ်။

Photo- USSFU