Spread the love

ရန်ကုန်၊ မတ် (၁၄)

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး ဒီနေ့ နေ့လယ်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“စကစ လက်အောက်ခံ ကျော်စိုးမိုးက ဆိုင်ကယ်စီးနေရင်း သေနတ်ပစ်ခံရတာ၊ ကြည့်ရတာ ဂျက်ခေါင်းထိသွားလို့ထင်တယ်။ တစ်ခါထဲနေရာမှာ ပွဲချင်းပြီး သေသွားတယ်” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး ကို ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို PDF တပ်ဖွဲ့တွေက နေ့စဉ်နီးပါး သုတ်သင်ရှင်းလင်းနေတာ ဖြစ်ပါတယ်။