Spread the love

ရန်ကုန်၊ မတ် (၁၃)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အခုထက်ပိုပြီး မြန်မာပြည်သူလူထုကို ထိထိရောက်ရောက် ကူညီ ကာကွယ်ပေးဖို့ လိုတယ်လို့ ယူကေနိုင်ငံ သံအမတ်ကြီး Barbara Woodward က ပြောပါတယ်။

“မြန်မာပြည်သူလူထုဟာ ဆိုးရွားတဲ့ဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ အချိန်အရမ်းကြာမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေပါပြီ။ မြန်မာပြည်သူလူထုအနေနဲ့ ထိရောက်တဲ့ တိုးတက်ပြောင်းလဲလာမှုကို အမြန်ဆုံးလိုအပ်နေပါတယ်” လို့
မနေ့က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမစခင် သတင်းမီဒီယာတွေကို အင်တာဗျူးဖြေဆိုချိန်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။