Spread the love

ရန်ကုန်၊ မတ် (၁၄)

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်ဖို့ လိုအပ်သလို တောင်းဆိုချက်တွေကို လေးလေးနက်နက် အာရုံထားပေးဖို့လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“သမိုင်း၏ မှန်ကန်သည့်ဘက်တွင် အတူတကွရပ်တည် ပါဝင်ရန် လိုအပ်” တယ်လို့ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့(၆၇) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေးမှာ မနေ့က သူက ပြောကြားခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနေက် အခုချိန်ထိ ပြည်သူအယောက်ပေါင်း (၃,၁၂၀) ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

စစ်တပ်အပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန်နှင့် ထိရှလွယ်သော အုပ်စုများအတွက် ထိရောက်သော အကူအညီများ ထောက်ပံ့ပေးရန် ကျယ်ကျယ်လောင်လောင် တောင်းဆိုခဲ့ကြောင်း၊

မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့်အစား စစ်တပ်ဟာ ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်ချက်တာတွေ ချမှတ်ဖို့ လိုတယ်လို့ သူ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်တာခံရသူ စုစုပေါင်း (၁၆၄၇၀) ဦးရှိနေပြီး အဲ့ဒီထဲက (၅၀၅၅) ဦးဟာ အကျဉ်းထောင်တွေထဲမှာ ထောင်ဒဏ်ချမှတ်တာ ခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။