Spread the love

ရန်ကုန်၊ မတ် (၁၉)

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ် (၂) စည်ပင်သာယာရပ်ကွက်၊ ရုံးပေါင်းစုံ ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို မြင်းခြံ ကျားနက်အဖွဲ့က ဒီနေ့မှာ ပြောပါတယ်။

မနေ့ ည (၇) နာရီက အဝေးပစ် ရှေ့ထွတ် လောင်ချာနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်လို့ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့ပါတယ်။

“ရေစကြိုမြို့ကို လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ ငါတို့မြို့ကို ငါတို့စိုးမိုးမယ်” လို့ သူတို့က ပြောပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ်နီးပါး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။