Spread the love

ရန်ကုန်၊ မတ် (၁၉)

မုံရွာခရိုင် အမှတ် (၅) တပ်ရင်း Aung San Force ရဲ့ ထောက်ပို့သုံးကားကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“အင်အား ၁၅၀ခန့် စခ စစ်ကြောင်းနှင့် ထောက်ပို့ရဲဘော်များ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ထောက်ပို့ရဲဘော် ၂ ဦး မှာ ပြည်သူလူထု၏ မေတ္တာဖြင့် ဘေးကင်းလုံခြုံစွာ ဆုတ်ခွာလာနိုင်ခဲ့ပါသည်။ မော်တော်ယာဉ်ကိုမူ စခများ တရပ်စပ် ပစ်ဝင်လာသောကြောင့် ထားရစ်ခဲ့ရပြီး စခများ၏ မီးရှို့ဖျက်ဆီးခံခဲ့ရ” တာဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

မနေ့ နေ့လယ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထောက်ပို့ရဲဘော်တွေ ထိပ်တိုက်တွေ့ချိန် A.S.F အဖွဲ့က သူတို့ရဲ့ ထောက်ပို့ကားကို ထားရစ်ခဲ့ရတာ ဖြစ်ပါတယ်။