Spread the love

ရန်ကုန်၊ မတ် (၂၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့က စစ်ကောင်စီ သတင်းပေးဆိုသူ ဦးသိန်းသန်း ကို သုတ်သင်ရှင်းလိုက်ပြီ ဖြစ်တယ်လို့ အမှန်တရားစောင့်ကြပ်ရေးတပ်ဖွဲ့ အမရပူရ က ပြောပါတယ်။

မနေ့ မနက်က “ဆားတောင်မြို့မှ ဒလန်သိန်းသန်း ရခသတင်းပေး သက်တမ်း ၁၀ နှစ်အား ကုန်းရွာဆိုင်းဘုတ်အနားမှာ ကောက်ယူခွင့် ပိတ်ပင်ခဲ့သည်။ တအားလျင် တအားသွက်ပါတယ်ဆိုတဲ့ သက်တမ်းရင့် informer သိန်းသန်းလဲ
ကျည်ဆံထက် မမြန်တာတော့ သေချာနေပါပြီ။” တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးသိန်းသန်းဟာ စစ်ကောင်စီရဲ့ သတင်းပေး ဟုတ်၊ မဟုတ်ဆိုတာကိုတော့ C8 News အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေနဲ့ ပူးပေါင်းနေသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ ရှင်းလင်းနေတာ ဖြစ်ပါတယ်။