ရန်ကုန်၊ မတ် (၂၄)
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ သမန္တပိုအလယ်ကျေးရွာကို လာတဲ့ စစ်ကောင်စီအဖွဲ့ကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က (၅) ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိခဲ့သူတွေကို ဘုန်းကြီးကျောင်းတစ်ခုအတွင်း တပ်စွဲကာ ဆေးကုသနေတယ်လို့ သိရပါတယ်။