Spread the love

ရန်ကုန်၊ မတ် (၂၇)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့အနောက်ဘက် ကျပ်ပြင်ဈေးမှာ နေထိုင်တဲ့ ကိုအေးမင်း မနေ့ညက အသတ်ခံလိုက်ရပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကိုအေးမင်း ကို စစ်ကောင်စီသတင်းပေးဆိုပြီး ဒေသခံတချို့က ပြောဆိုနေကြပေမယ့် ကိုအေးမင်း ရဲ့ အကြောင်းကို C8 News အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မနေ့ည (၈) နာရီက ကိုအေးမင်း ကို လာရောက်သတ်ဖြတ်ရှင်းလင်းခဲ့တဲ့ သူတွေဟာ သူတို့အဖွဲ့ မဟုတ်ဘူးလို့ Red Wolves Of Mogok က ကြေညာချက်ထုတ်ပြီး ငြင်းဆိုလိုက်ပါတယ်။

“မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ဈေးနေ ကိုအေးမင်းအား အမည်မသိအဖွဲ့မှ (26.3.2023)ရက်နေ့ ည(8)နာရီခွဲဝန်ကျင်းတွင်ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်ရှင်းလင်းခဲ့ခြင်းမှာ မိမိတို့အဖွဲ့မဟုတ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ ကိုအေးမင်းအား သတ်ဖြတ်ရှင်းလင်းခဲ့သည့် အဖွဲ့အနေဖြင့် မည်သည့်အကြောင်းကြောင့် ရှင်းလင်းခဲ့ရသည်ဖြစ်ကြောင်း စာထုတ်ပြန်ပေးပါရန် ကြေငြာအပ်ပါသည်။ ကိုအေးမင်းအား သတ်ဖြတ်ရှင်းလင်းခဲ့သည့် ဖြစ်စဉ်သည် မိမိတို့အဖွဲ့နှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါ” တယ်လို့ သူတို့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့နဲ့ ဆက်စပ်နေသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ်ရှင်းလင်းနေတာ ဖြစ်ပါတယ်။