Spread the love

ရန်ကုန်၊ ဧပြီ (၅)

Federal School of Aung Myay Thar Zan ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင် ဟာ မန္တလေးတိုင်းဒသေကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ သူရဲ့ နေအိမ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်အိရွှေစင်ဟာ ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် သူရဲ့ ထွက်ဆိုချက်တွေကြောင့် သင်ကြားရေးအဖွဲ့မှာ ပါဝင်တဲ့ တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင် နဲ့ ချောစုသန်း စုစုပေါင်း ဆရာ၊ ဆရာ (၁၄) ဦးဟာ သူတို့ရဲ့ နေအိမ်တွေမှာပဲ ထပ်မံ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိထားတဲ့သူ (၁၅) ဦးကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပြီး ငွေကြေးထောက်ပံ့ပေးနေသူတွေနဲ့ တရားမဝင် ပညာသင်ကြားရေး အစီအစဉ်မှာ စာရင်းပေးသွင်းထားတဲ့ မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုပါ ဆက်လက်ဖော်ထုတ်ကာ ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီအဖွဲ့က မနေ့က ပြောပါတယ်။

Federal School of Aung Myay Thar Zan ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ အွန်လိုင်းစနစ်နဲ့ ဖွင့်လှစ်သင်ကြားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *